cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

PAN

Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.

Show more
Advertising posts
74 844
Subscribers
+124 hours
+487 days
+1 00430 days

Data loading in progress...

Subscriber growth rate

Data loading in progress...

မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ... မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ ..... ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ..... လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ... အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ... ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ.... 🙏🙏🙏
Show all...
02:01
Video unavailableShow in Telegram
နိုင်ငံအဝှမ်းကရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားနေတဲ့အထဲမှာ အကြမ်းဖက်သောင်းကျန်းသူတွေထိန်းချုပ်ထားတဲ့ ဒေသတစ်ချို့မှာလည်း ရေကြီးမှုကြောင့် သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။
Show all...
Sequence 01_28.mp414.56 MB
👍 120😢 9❤ 1🎉 1
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံမည့်အစီအစဉ်နှင့်ပတ်သက်သည့် အသိပေးကြေညာချက်ထုတ်ပြန်ထား (ပြည်တွင်း) စက်တင်ဘာ ၁၉ မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအား နည်းရပ်ဝန်းတို့၏အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန်အတွက် လှူဒါန်းငွေများကို ၂၁-၉-၂၀၂၄ ရက် (စနေနေ့) မွန်းလွဲ(၂)နာရီတွင် အလှူငွေပေးအပ်ပွဲအခမ်းအနားများဖြင့် လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် လှူဒါန်းမှုများကို နေပြည်တော်၊ မြို့တော်ခန်းမတွင်အခမ်းအနားဖြင့် လက်ခံမည်ဖြစ်ပြီး ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လှူဒါန်းမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အခမ်းအနားဖြင့် လက်ခံမည် ဖြစ်ကြောင်း အသိပေးကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကကြေညာထားသည်။ လှူဒါန်းလိုသူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်စာရင်းပေးသွင်း လှူဒါန်းနိုင်ပါကြောင်း သိရသည်။ (၁) ဒေါ်လဲ့လဲ့အေး၊ ညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၀၂၁၄၉၁ (၂) ဦးဝင်းရွှေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၅၄၁၇၀၀၁ (၃) ဒေါ်စုစုထွန်း၊ ညွှန်ကြားရေးမှူး၊ ဖုန်းနံပါတ် ၀၉-၄၃၀၀၉၂၉၁ #PAN
Show all...
👍 108❤ 3👌 2
02:55
Video unavailableShow in Telegram
ရေဘေးသင့်ပြည်သူ ၅ သိန်းလောက်အထိ အရေးပေါ်စားနပ်ရိက္ခာတွေထောက်ပံ့ပေးသွားမယ်လို့ WFP က ပြောပါတယ်။
Show all...
Sequence 01_27_1.mp421.85 MB
👍 239🙏 14❤ 8
Photo unavailableShow in Telegram
အလှူရှင်များသို့ တိုက်တွန်းပန်ကြားချက် ***************************** (ပြည်တွင်း) စက်တင်ဘာလ ၁၉ ရက် ၁။ နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သောရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေး စခန်းများတွင် ခေတ္တလာရောက် နေထိုင်နေသူများနှင့် ရေဘေးသင့်ကျေးရွာ၊ ရပ်ကွက်များရှိ မိမိတို့ ၏ နေအိမ်များတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် အလှူရှင်များက စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အစားအသောက်များ လာရောက်လှူဒါန်းနေမှုများအား ဝမ်းမြောက်ဝမ်းသာစွာ တွေ့ရှိရပါသည်။ ၂။ သို့ရာတွင် ပတ်ဝန်းကျင်ရာသီဥတု အခြေအနေအရ အလှူရှင်များမှ ပြင်ဆင်ချက်ပြုတ်လာသော အစားအသောက်များအား ချက်ချင်းစားသုံးခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားစဉ် အစာအဆိပ်သင့်ဖြစ်ပွားစေသော ရောဂါပိုးများ ပေါက်ပွားရှင်သန်စေမှုဖြစ်စေနိုင်ခြင်း၊ စားသုံးရန်မသင့်သည့် အခြေအနေများသို့ ရောက်ရှိစေနိုင်ခြင်းနှင့် အဆိုပါ အစားအသောက်များအား စားသောက်မိပါက... အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ Webpage>>... https://positiveanglenews.com/2024/09/19/အလှူရှင်များသို့-တိုက်တ/ VK Link>>... https://vk.com/wall-220066330_8184 Telegram»... https://t.me/positiveanglenews #PAN
Show all...
👍 157❤ 9👌 1
Photo unavailableShow in Telegram
ရေဘေးသင့်ဒေသများအတွက် နော်ဝေးနိုင်ငံက အမေရိကန်ဒေါ်လာ ငါးသိန်း ကနဦး ထောက်ပံ့ကူညီ ******** (ပြည်တွင်း) စက်တင်ဘာ ၁၉        မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ဒေသများကို ကူညီရန်အတွက် နော်ဝေးနိုင်ငံ UNOPS ရဲ့ ဘက်စုံရန်ပုံငွေ ယန္တရား အလှူရှင်များနှင့် ပူးပေါင်းကာ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀(၅ သိန်း)ကို ကနဦးအနေနဲ့ ထောက်ပံ့ ပေးထားတယ်လို့ နော်ဝေးသံရုံးက အသိပေးထုတ်ပြန်ခဲ့ပါတယ်။       ဒါ့အပြင် ထောက်ပံ့မှုများအတွင်း အမိုး အကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးများနှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများပါဝင်ပြီး၊ နော်ဝေကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှတစ်ဆင့် အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးအတွက် ငွေသားနှင့် အစားအသောက် ပါဆယ်ထုပ်များကို ဖြန့်ဝေပေးသွားမှာ ဖြစ် ..... အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇 Webpage>>... https://positiveanglenews.com/2024/09/19/ရေဘေးသင့်ဒေသများအတွက်-န/ https://t.me/positiveanglenews #PAN
Show all...
👍 158❤ 19🎉 1
Photo unavailableShow in Telegram
ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်သုံး လေအေးပေးစက်နှင့် အခြားအေးခဲစက်များကို  တင်သွင်းမှုပိတ်ပင် ******** (ပြည်တွင်း) စက်တင်ဘာ ၁၉        ဟိုက်ဒရိုကလူရိုဖလိုရိုကာဗွန်များက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့များက အိုဇုန်းလွှာပျက်စီးမှုကို ဖြစ်စေပြီး အိုဇုန်းလွှာပါးလာတာနှင့်အမျှ ကမ္ဘာမြေပေါ်မှာ ဓာတ်ရောင်ခြည်များကို တိုးပွားစေနိုင်တာကြောင့် ကမ္ဘာတစ်ဝန်းက သတိပေးနေကြခဲ့ပါတယ်။       အချို့သော HCFCs များက ရေရှည်မှာ ရေသတ္တဝါများအတွက်ပါ အဆိပ်ဖြစ်စေနိုင်တဲ့ သက်ရောက်မှုများ ရှိပါတယ်။ ဒါကြောင့် HCFC - 22/R-22 အပါအဝင် ဟိုဒရိုကလိုရိုဖလူရိုကာဗွန်(HCFCs) အသုံးပြုတဲ့ မြင်းကောင်ရေ ၂ ဒသမ ၅(၂၁,၀၀၀ BTU/HR)နှင့်အထက်စွမ်းအား(capacity) ရှိတဲ့ လေအေးပေးစက်နှင့် အကြီးစားစက်ပစ္စည်းများ ဖြစ်တဲ့လုပ်ငန်းသုံး၊ ရေခဲသေတ္တာများ၊ အေးခဲသိုလှောင်ခန်းများ၊ အေးခဲစက်များပြည်တွင်းသို့ တင်သွင်းမှုကို တားမြစ် ထား ..... အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇 Webpage>>... https://positiveanglenews.com/2024/09/19/ဟိုက်ဒရိုကလိုရိုဖလူရို/ https://t.me/positiveanglenews #PAN
Show all...
👍 101😱 6
Photo unavailableShow in Telegram
အမေရိကန် ရွေးကောက်ပွဲတာဝန်ရှိသူများ သံသယဖြစ်ဖွယ် အထုပ်များ ရရှိနေဟု FBI သတိပေး **** (နိုင်ငံတကာ)စက်တင်ဘာ ၁၉         á€Ąá€™á€ąá€›á€­á€€á€”်နိုင်ငလဥတွင်းရသိ ရွေးကောက်ပွဲတာဝန်ရှိသူများအနေဖြင့် သံသယဖြစ်ဖွယ်ကောင်းသော အထုပ် များ ရရှိနေသည်ဟု FBI က သတိပေးချက် ထုတ်ပြန်ထားသည်။ ပြည်နယ် အများအပြားရှိ ရွေးကောက်ပွဲကော်မရှင် ရုံးများသို့ စက်တင်ဘာလ ၁၆ ရက်မှစ၍ သံသယဖြစ်ဖွယ် အထုပ်များ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ စက်တင်ဘာ လ ၁၉ ရက်အထိ ပြည်နယ် ၁၅ ခုသို့ အဆိုပါအထုပ်များ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သတိပေးချက်တွင် ဖော်ပြ ....... အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇 Webpage >>... https://positiveanglenews.com/2024/09/19/အမေရိကန်-ရွေးကောက်ပွဲတာ/ https://t.me/positiveanglenews #PAN
Show all...
👍 104😱 17❤ 1🎉 1
Photo unavailableShow in Telegram
တရုတ်က ဘီဘင်ကာ အပြီးတွင် နောက်ထပ်မုန်တိုင်းအတွက် ပြင်ဆင်မှုများပြုလုပ် **** (နိုင်ငံတကာ)စက်တင်ဘာ ၁၈         á€á€›á€Żá€á€şá€”ိုင်ငလရသိ ပြည်နယ်အများအပြားက နိုင်ငံအရှေ့ပိုင်းသို့ မုန်တိုင်း ဘီဘင်ကာ ဝင်ရောက်တိုက်ခတ်ပြီး နောက် ရက်ပိုင်းအကြာမှာပင် နောက်ထပ်တိုက်ခတ်မည့် မုန်တိုင်းတစ်လုံးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။       ယခု တိုက်ခတ်မည့် မုန်တိုင်းသည် နိုင်ငံအတွက် ၁၄ လုံးမြောက် မုန်တိုင်းဖြစ် ပြီး နိုင်ငံအရှေ့ပိုင်းရှိ ကျဲ့ကျန်းပြည်နယ်တွင် မုန်တိုင်းဝင်ရောက်မှုအတွက် ကြိုတင်မျှော်မှန်း၍ အဆင့် (၄) အရေး ပေါ်တုံ့ပြန်မှုများကို ဆောင်ရွက် ....... အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇 Webpage >>... https://positiveanglenews.com/2024/09/19/တရုတ်က-ဘီဘင်ကာ-အပြီးတွင်/ https://t.me/positiveanglenews #PAN
Show all...
👍 115😱 8😍 2🙏 1
Photo unavailableShow in Telegram
သွားလာရေးအခက်အခဲတဲ့ ဟိုပုန်းမြို့၊ မဲနယ်တောင်ဒေသရှိ ရေဘေးဒုက္ခသည်များ အကူညီလိုအပ်နေ ******** (ပြည်တွင်း) စက်တင်ဘာ ၁၉        လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျေးရွာများမှ ရေဘေးဒုက္ခသည်များ အကူအညီများလိုအပ်နေတယ်လို့ သိရပါတယ်။      လက်ရှိမှာ မဲနယ်တောင်ဒေသ အဝင်လမ်းဖြစ်တဲ့ ထမ်းအယ်ကျေးရွာမှာ တောင်ကျရေများကြောင့် လမ်းပျက်စီးနေပြီး သွားလာရခက်ခဲနေတာကြောင့် အလှူရှင်များသွားရောက်ကူညီနိုင်ရန် အခက်အခဲများ ရှိနေတယ် လို့ သိရပါတယ်။       အဆိုပါ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ် ပျက်စီးသွားတဲ့ လမ်းများအမြန်ပြန်လည် သွားလာနိုင်ရေး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ကလည်း စီစဉ်နေတယ်လို့ သိရပါတယ်။ Webpage>>... https://positiveanglenews.com/2024/09/19/သွားလာရေးအခက်အခဲတဲ့-ဟို/ https://t.me/positiveanglenews #PAN
Show all...
👍 106😢 31🎉 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.