cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Teddy Japanese 🐰

Japanese language sharing learning with fun and easy💝

Show more
Advertising posts
11 770
Subscribers
+1024 hours
+1007 days
+89230 days

Data loading in progress...

Subscriber growth rate

Data loading in progress...

📝 N2 Shinkanzen grammar တစ်နေ့နည်းနည်းပြန်နွှေးမယ် အခန်း(16) (1) ~によって/による/により ~ကြောင့်/~မှတဆင့်
N +によって N +による+ N
1 **ရှေ့ကအကြောင်းထဲက အကြောင်းအရင်းကြောင့် အနောက်က ရလဒ်မျိုးဖြစ်လာတဲ့အခါ**
1.この地方(ちほう)は毎年台風 による 被害(ひがい)が出ている。 ဒီဒေသဟာ နှစ်တိုင်း တိုင်ဖုန်မုန်တိုင်းကြောင့် ပျက်စီးမှုတွေပေါ်ထွက်နေပါတယ်။ 2.仕事をコンピューター化(か)することにより、労働力不足(ろうどうりょくぶそく)は解決(かいけつ)できるのではないか。 အလုပ်ကို ကွန်ပျူတာစနစ်ပြောင်းလဲမှုကြောင့် လုပ်သားအင်အားမလုံလောက်မှုကိုဖြေရှင်းနိုင်လိမ့်မယ်မဟုတ်လား။
2 **တစ်ခုခုကိုနည်းလမ်းတစ်ခုအနေနဲ့အသုံးပြုပြီး လုပ်ဆောင်တဲ့အခါ**
3.合否(ごうひ)の結果(けっか)は後日書面(ごじつしょめん)で連絡(れんらく)します。電話による問(と)い合(あ)わせは受け付けません。 အောင်မအောင်ရလဒ်ကို နောက်ရက် စာရွက်စာတမ်းနဲ့အကြောင်းပြန်ပါ့မယ်။ ဖုန်းမှတဆင့် မေးမြန်းစုံစမ်းမှုတွေကိုတော့ လက်မခံပါဘူး။ ...................... (2)~ものだから・〜もので・~もの ~သောကြောင့်
Plain form + ものだから・もので なadj/N<>な + ものだから/もので Plain form + もの
ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တဲ့ဆင်ခြေတွေပေးတဲ့အခါသုံးတဲ့စကား (ကလေးနဲ့မိန်းကလေးတွေ အသုံးများ)
1.このところ忙しかったもので、お返事が遅れてしまいました。ごめんなさい。 အခုတလော အလုပ်ရှုပ်နေခဲ့တာမလို့ ပြန်လည်ဖြေကြားမှုနောက်ကျသွားခဲ့ပါတယ်။တောင်းပန်ပါတယ်။ 2.わたし、近眼(きんがん)なもんで、お顔がよく見えなかったんです。失礼しました。 ကျွန်မ အဝေးမှုန်ဖြစ်လို့ မျက်နှာသိပ်မမြင်လိုက်ရတာပါ၊ရိုင်းပြသလိုဖြစ်သွားခဲ့ပါတယ်။ 3.あの人の言うことはよくわからないよ。言葉が難しいんだもの。 အဲလူပြောတဲ့စကားကိုသေချာနားမလည်ဘူးရော။စကားလုံးတွေက ခက်လို့လေ။ ..................... (3) ~おかげだ/~せいだ ~ကျေးဇူးကြောင့်/ကြောင့်
N-の / V(Dic) / なadj<>な +おかげだ/せいだ
(တစ်စုံတစ်ယောက် /တစ်ခုခုကြောင့် ကောင်းတဲ့ရလဒ်ရခဲ့ရင် okage) (မကောင်းတဲ့ရလဒ်ရခဲ့ရင်Sei)
1.わたしが東西(とうざい)大学に合格できたのは、山川先生のおかげです。ありがとうございました。 ကျွန်တော် toozaiတက္ကသိုလ်မှာ အောင်မြင်ခဲ့တာကတော့ ဆရာ Yamakawaကျေးဇူးကြောင့်ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 2.父は最近口数(くちかず)が少ない。疲れているせいかもしれない。 အဖေက ခုတလော စကားသိပ်မပြောဘူး။ပင်ပန်းနေတာကြောင့်လားမသိပါဘူး။ 3.値段のせいか、この商品は売れ行(ゆ)きが悪い。 စျေးကြောင့်များလားမသိဘူး ဒီပစ္စည်းကရောင်းအား ဆိုးဝါးတယ်။ .................. 4 ~あまり・あまりの~に အရမ်း~ဖြစ်တယ်
Plain form / なadj / Nの +あまり あまりの + N + に
(နောက်မှာ~မကောင်းတဲ့ရလာဒ်လိုက်)
1.自分の番が近づいてきたとき、わたしは緊張のあまり頭の中が真っ白になってしまった。 မိမိအလှည့်နီးလာသောအခါ ကျွန်တော် အရမ်းစိတ်တွေလှုပ်ရှားပြီး ခေါင်းထဲမှာ ဗလာဟင်းလင်းဖြစ်သွားပါတယ်။ 2.仕事を早く片付けようと急いだあまり、いくつかミスをしてしまった。 အလုပ်အမြန်အပြီးသတ်မယ်ဆိုပြီး အရမ်းအလျှင်လိုခဲ့တာကြောင့် အမှားဘယ်နှစ်ခုမှန်းတောင်မသိ လုပ်မိသွားပါတယ်။ 3.10年ぶりで兄に会った。兄のあまりの変化に言葉が出なかった。 ၁၀နှစ်ကြာမှ အကိုနဲ့တွေ့ခဲ့ပါတယ်။ အကိုရဲ့ အရမ်းပြောင်းလဲသွားမှုကြီးကြောင့် စကားလုံးတွေတောင်ပျောက်ဆုံးသွားခဲ့ပါတယ်။ ................... 5~につき ~ကြောင့်
Noun +につき
なのでနဲ့တူ အရေးအသား ရုံးသုံးစကား (硬い言い方/ 書き言葉)
1.トイレはただ今清掃中(せいそうちゅう)につき、ご利用になれません。 အိမ်သာက အခု သန့်ရှင်းရေးလုပ်နေဆဲဖြစ်သောကြောင့် အသုံးပြုလို့မရပါဘူး။ 2.強風につき、この門は閉鎖中(へいさちゅう)です。 လေပြင်းကြောင့် ဒီတံခါးဟာ ပိတ်ထားဆဲဖြစ်ပါတယ်။ 3.本日は祝日(しゅくじつ)につき、閉館(へいかん)しております。 ဒီနေ့ အများပြည်သူပိတ်ရက်ဖြစ်သောကြောင့် ပိတ်ပါတယ်။ #post16 #shinkanzen #grammar #n2 #teddy
Show all...
11
Show all...

12 1💘 1
00:17
Video unavailableShow in Telegram
2.33 MB
69💘 17🥰 5❤‍🔥 2🔥 1
Show all...

🥰 10💯 1
Photo unavailableShow in Telegram
Kanji သင်ပေးမယ်ဗျို့😎
海(うみ) + 老 (ろう/ふ.ける) ပင်လယ် + အသက်ရလာတာက 海老(エビ/えび) ပုစွန်တဲ့
''ပင်လယ်ထဲအသက်ရလာတာ ကွေးနေတဲ့ပုစွန်လေးတွေဖြစ်တယ်လို့မှတ်ပေါ့'' 🔸 大海老(oo ebi) ပုစွန်အကြီးကြီး= ကျောက်ပုစွန် 🔸 桜海老(sakura ebi) ဆာကူရာပုစွန်= ပန်းရောင်သမ်းတဲ့ပုစွန်ဆိတ် 🔸 干し海老(hoshi ebi) လှမ်းတဲ့ပုစွန်= ပုစွန်ခြောက် ကဲဒီလောက်ဆိုရင် အားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်နော်... #teddy #ebi #explanation
Show all...
❤‍🔥 101 51🥰 7💘 7
00:57
Video unavailableShow in Telegram
#news #teddy #myanmar flood
Show all...
Snaptik.app_7414342667791912210.mp44.23 MB
😢 36
00:25
Video unavailableShow in Telegram
အမောပြေလေး💕 #song #relax
Show all...
3.06 MB
🥰 49❤‍🔥 8 8💘 6 1
検査 (けんさ) နဲ့ 調査 (ちょうさ) ရဲ့ကွာခြားချက်ကို ရှင်းပြပေးရမယ်ဆိုရင်၊ 🔸 検査 (けんさ) - စမ်းသပ်ချက်၊ စစ်ဆေးမှု
နေ့စဉ်အသုံးပြုတဲ့ ကျန်းမာရေးစစ်ဆေးခြင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်ကို သေချာစစ်ဆေးခြင်း။
- ကျန်းမာရေးစစ်ဆေးခြင်း (Health check-up)、ထုတ်ကုန် စစ်ဆေးခြင်း (Product inspection)、သတ်မှတ်ချက်အတွင်းတည်ရှိမှုစစ်ဆေးခြင်း (Compliance check) စတဲ့ နေရာတွေမှာ အသုံးများပါတယ်။
ဥပမာ: - 健康診断のために血液検査を受けました。 (Kenkō shindan no tame ni ketsueki kensa o ukemashita.) ကျန်းမာရေးစစ်ဆေးမှုအတွက် သွေးစစ်ဆေးခြင်းကို လုပ်ခဲ့ပါတယ်။ 🔸調査 (ちょうさ) - လေ့လာမှု၊ စုံစမ်းစစ်ဆေးခြင်း
အချက်အလက်များစုဆောင်းခြင်း စတဲ့ ကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုများ
- သုတေသန (Research)、အချက်အလက်စုံစမ်းခြင်း (Data investigation)、ဖြစ်ရပ်အကြောင်းအရင်းစုံစမ်းခြင်း (Cause investigation) စတဲ့ နေရာတွေမှာ အသုံးများပါတယ်။
ဥပမာ: - 警察が事件の調査を始めました。 (*Keisatsu ga jiken no chōsa o hajimemashita.*) ရဲတပ်ဖွဲ့က အမှုခင်းဖြစ်ရပ် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ကြတယ်။
検査 ရုပ်ပိုင်းဆိုင်ရာကို အခြေခံပြီး စမ်းသပ်ခြင်း၊ စစ်ဆေးခြင်း။ 調査 က အချက်အလက်စုဆောင်းခြင်း၊ လေ့လာခြင်း၊ စုံစမ်းစစ်ဆေးခြင်း။
#kensa #chousa #differences #teddy #notes
Show all...
25🥰 2💘 2
✍ မှားလွယ်ရောလွယ် မေ့လွယ်တဲ့ Grammar များ
ばかり (bakari) Grammar Forms:
1. Noun + ばかり
"ချည်းပဲ"၊"သာ" ဥပမာ: - 肉ばかり食べている。 (Niku bakari tabete iru.) အသားချည်းပဲစားနေတယ်။
2. Verb てばかりいる (V te bakari iru)
"အမြဲတမ်းတစ်ခုထဲလုပ်နေသည်" ဥပမာ: - ゲームしてばかりいる。 (Gēmu shite bakari iru.) သူက အမြဲတမ်းဂိမ်းပဲဆော့နေတယ်။
3. Verb Dictionary Form + ばかりだ (V + bakari da)
"သထက်~လာတယ်/ဆက်လက်ပြောင်းလဲနေသည်" (-) ဥပမာ: - 物価が上がるばかりだ。 (Bukka ga agaru bakari da.) ဈေးနှုန်းက တက်သထက်တက်လာတယ်။ (ippou ကကောင်းတာရော မကောင်းတာရောရ)
4. Verb Past Tense + ばかりだ (V ta bakari da)
"ပြီးခါစ/ ပြီးတာမကြာသေးဘူး" (ချက်ချင်းနီးပါး) ဥပမာ: - 今、昼ご飯を食べたばかりです。 (Ima, hirugohan o tabeta bakari desu.) အခု နေ့လယ်စာစားပြီးခါစဖြစ်တယ်။
5. Noun + ばかりか/ばかりでなく (bakari ka/bakari de naku)
"သာမက" ဥပမာ: - 彼は英語ばかりか、フランス語も話せる。 (Kare wa eigo bakari ka, furansugo mo hanaseru.) သူက အင်္ဂလိပ်ဘာသာသာမက ပြင်သစ်ဘာသာကိုလည်း ပြောနိုင်တယ်။
6. Verb Dictionary Form + ばかりになる (V + bakari ni naru)
"အခြေအနေတစ်ခုခုဖြစ်ဖို့လည်းမကြာတော့ဘူး" "အရာတစ်ခုခုလုပ်ဖို့အဆင်သင့်ဖြစ်နေပြီ" ဥပမာ: - 会議が始まるばかりになっている。 (Kaigi ga hajimaru bakari ni natte iru.) အစည်းအဝေး စဖို့မကြာတော့ဘူး။ ---
ところ (tokoro) Grammar Forms:
1. Verb Dictionary Form + ところだ (V + tokoro da)
"တစ်ခုခုကိုပြုလုပ်တော့မယ်" ဥပမာ: - これから出かけるところだ。 (Kore kara dekakeru tokoro da.) အခုကစ အပြင်ထွက်တော့မယ်။
2. Verb ている + ところ (V te iru tokoro)
"နေတုန်း/ပြုလုပ်နေသည်" ဥပမာ: - 今、勉強しているところです。 (Ima, benkyō shite iru tokoro desu.) အခုစာလေ့လာနေတုန်းဖြစ်တယ်။
3. Verb Past Tense + ところだ (V ta tokoro da)
"ပြီးတာမကြာသေးဘူး" *ပိုကြာ(ばかり < ところ) ဥပမာ: - 今、食べたところだ。 (Ima, tabeta tokoro da.) အခု စားပြီးတာမကြာသေးဘူး။
4. Verb (ikou) Form + ところへ/に (V + tokoro e/ni)
"တစ်ခုခုလုပ်မယ်ဆိုတာနဲ့~" ဥပမာ: - 出かけようとしたところに、友達が来た。 (Dekakeyou to shita tokoro ni, tomodachi ga kita.) အိမ်ပြင်ထွက်တော့မယ်ဆိုတာနဲ့ သူငယ်ချင်းကရောက်လာတယ်။
5. Verb Dictionary + ところだった (V dic tokoro datta)
"လုနီးပါးဖြစ်ခဲ့တယ်" (နီးပါးဖြစ်ခဲ့) ဥပမာ: - 危うく事故を起こすところだった。 (Ayauku jiko o okosu tokoro datta.) မတော်တဆမှုဖြစ်လုနီးပါးဖြစ်ခဲ့တယ်။
6. Verb ている + ところへ (V te iru tokoro e)
"တစ်ခုခုလုပ်နေတုန်းမှာ" ဥပမာ: - 料理を作っているところへ電話がかかってきた。 (Ryōri o tsukutte iru tokoro e denwa ga kakatte kita.) (အစားအစာချက်နေတုန်းမှာ ဖုန်းဝင်လာတယ်။) #tokoro #bakari #differences #grammar
Show all...
39💘 3 1❤‍🔥 1🥰 1
"にしたがって" ~အတိုင်းလိုက်ပြီး, ဒါမှမဟုတ် "~နှင့်အညီ" တစ်ခုခုပြောင်းလဲသွားတာနဲ့အမျှ နောက်ထပ်အရာတစ်ခုတည်းကပါ ပြောင်းလဲသွားတယ်ဆိုတဲ့ အဓိပ္ပာယ်။ - Verb (dictionary form) + にしたがって - Noun + にしたがって Examples : 1. 気温が上がるにしたがって、アイスクリームの売り上げが増える。 Kion ga agaru ni shitagatte, aisukurīmu no uriage ga fueru. (အပူချိန် တက်လာတာနှင့်အညီ အမြှုပ်အအေးရောင်းအားတက်လာတယ်။) 2. 年齢を重ねるにしたがって、健康に気をつけるようになった。 Nenrei o kasaneru ni shitagatte, kenkō ni ki o tsukeru yō ni natta. (အသက်ကြီးလာတာနှင့်အညီ ကျန်းမာရေးကို ဂရုစိုက်လာတယ်။) 3. 雨が降るにしたがって、気温が下がった。 Ame ga furu ni shitagatte, kion ga sagatta. (မိုးရွာလာတာနဲ့အမျှ အပူချိန်ကျသွားတယ်။) ---
အချိန်, အခြေအနေ, အရေအတွက် တို့ပြောင်းလဲသွားသည့်အခါ တွဲဖက်အသုံးပြု။ သဘာဝကျကျပြောင်းလဲသွားတဲ့အရာတွေအတွက် အသုံးပြု။
- "にしたがって" can be used when describing a change in time, condition, or quantity where one thing follows or aligns with another. - It's typically used for natural, gradual changes. #nishitagatte #teddy #grammar
Show all...
🥰 18 14❤‍🔥 2💘 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.