cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Channel H (ရသစုံ)

Channel H (ရသစုံ)မှကြိုဆိုပါတယ်ဗျ @khanthtookyaw2001

Show more
Advertising posts
141 674
Subscribers
-12924 hours
-2987 days
+2 27330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
2019 ခုနှစ်မှာ အောင်မြင်မှု တော်တော် ရခဲ့ပြီး 2017 ကတည်းက ပျောက်နေတဲ့ လက်ပွားမင်းသားခေါ် Hrithik Roshan ရဲ့ ရုံတင်ဇာတ်ကားကြီး အကြည်တက်ပြီမို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပြန်လည်ပုံဖော်ထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ပါ။ IMDb Rating - 8.5/10 Google Users - 96% Genere - Drama --------------------------------------------------- အညွှန်းမရေးခင် ကြိုပြောချင်ပါတယ်။ ‌အညွှန်းမဖတ်ဘဲ ကြည့်တာက ပိုပြီး သင့်တော်မယ်လို့ ထင်မိပါတယ်။ ‌တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ ရှောင်နိုင်တာ အကောင်းဆုံးပါ။ Spoiler တော့မပါပါဘူးခင်ဗျ။ ‌ ‌ကဲ့  ပထမပိုင်းအတွက် အညွန်းလေး စပြီ။ ‌ ‌နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌ကမ့်ဘရစ်ခ်ျ (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford)  စတဲ့ တက္ကသိုလ်တွေက ‌သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌လူဆင်းရဲတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။ ‌ ‌ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့.... ဒုတိယပိုင်း(နောက်ပိုင်း)အတွက် ထပ်ညွှန်းရရင်တော့... ကိုယ်ပိုင်ခံစားမှုလေး ထည့်ပါရစေ။ ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း၊ ပညာရွှေအိုး လူမခိုး လို့ပဲ ဆိုရိုးရှိခဲ့တာပါ။ ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ မတွင်ကျယ်ခဲ့ဘူး။ ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ မျးလာတယ်။ ကျောင်းနေရင် ကျူရှင်မယူရတဲ့ ကလေးတွေမှာ လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။ ကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ မြင်ဖူးခဲ့တယ်။ အဲ့ဒီလို ကလေးတွေ ရှိကြတယ်။ ဒါတွေကို မြို့နယ်မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့..... Super 30 အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ -------------------------------------------- စာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ အဓိက အထွတ်အထိပ်ရောက်မှ လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေး အံ့မခန်းပါ။ နောက်ခံတီးလုံးတွေလည်း သစ်တယ်။ မျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေကို ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက လေးစားဖွယ်။ အခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့ ဆရာတစ်ယောက်အတွက် တပည့်တွေက အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။ ဒီဇာတ်ကားဟာ ပညာရေး(Education) ကို အခြေခံထားပြီး ဘဝသရုပ်ဖော်တွေကို ရင်ဘတ်ထဲ ထည့်တော့မှာမို့ကိုယ်တိုင်သာ ခံစားကြည့်လိုက်ပါ. . . Movie Link 👇 https://t.me/khkindianmovies1/206
Show all...
👍 4 1
Photo unavailableShow in Telegram
Da......rbar (2020) ============ ဘောလိဝုဒ်ဇာတ်ကားတွေပြီးတော့အခုတစ်ခါ တမီးလ်စူပါစတားကြီး Rajinikanth ရဲ့ ရုံတင်ဇာတ်ကားကြီးအလှည့်ပေါ့ဗျာ။ ဟောလိဝုဒ် ၊ ဘောလိဝုဒ်ပရိတ်သတ်တွေအဖို့အိုဗာအက်ရှင်တွေကို ညည်းငွေ့နေနိုင်ပေမယ့် အိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေကို ကြိုက်တတ်သူအဖို့တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် Rajinikanth ဟာလည်းတောင်ပိုင်းရုပ်ရှင်ထုတ်လုပ်ရေးတွေကြားသာကမဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးတွေကြားမှာလည်း သြဇာရှိပြီး အနုပညာကြေးမြင့်တဲ့ မင်းသားကြီးမို့ပရိတ်သတ်တွေကတော့ ဒီဇာတ်ကားကို ကြည့်ရင်းလက်ခုပ်လက်ဝါးတီးပြီး အားပေးကြဦးမှာပါ။ အညွှန်း အာဒိသယာဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာသမီးဖြစ်သူ ဗာလီနဲ့အတူ မွန်ဘိုင်းမြို့ကို ရဲမင်းကြီး(ရဲမှူးကြီးဟု သင့်တော်သလို ဘာသာပြန်ထားသည်)အဖြစ်နဲ့ရောက်ရှိလာပြီး မြို့ထဲမှာရှိတဲ့ ဆိုးသွမ်းသူတွေကို လိုက်လံနှိမ်နင်းရာကနေ ဇာတ်လမ်းကို စထားပြီး.... ဒီနောက်ပိုင်းမှာတော့ တမီးလ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းအကအလှတွေ ၊ ဟာသခန်းလေးတွေ ညှပ်ထည့်ပြီးဇာတ်လမ်းကို အရှိန်တက်လာအောင် စွမ်းဆောင်ထားပါတယ်။ ဇာတ်လမ်းပုံစံက ရဲနဲ့လူဆိုး အားပြိုင်ကြတဲ့ မြင်နေကျ သာမာန်ဆိုပေမယ့်ရိုက်ကူးထားပုံက ဆန်းသစ်ပြီး Rajinikanthရဲ့ ဟိုးရုပ်ရှင်ခေတ်ဦးကတည်းကသုံးစွဲလာခဲ့တဲ့ သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ တီးလုံးကို အက်ရှင်ခန်းတွေ ၊ Tempo မြှင့်တင်တဲ့အခန်းတွေမှာသင့်တော်သလို သုံးစွဲထားပုံက သပ်ရပ်ပြီး ပရိတ်သတ်ကို တစ်မျိုးတစ်မည် ဆွဲဆောင်ထားပါတယ်။ ကဲ... အိန္ဒိယတောင်ပိုင်းဇာတ်ကားပရိတ်သတ်တို့ရေ...ကျွန်တော်တို့ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရတဲ့Idol ကြီးရဲ့  ဇာတ်ကားကြီးကိုလက်မနှေးပဲ အားပေးလိုက်ကြပါစို့။ Movie Link 👇 https://t.me/khkindianmovies1/204
Show all...
👍 1
Photo unavailableShow in Telegram
Sita Ramam (2022) Action, Drama, Mystery IMDB 8.2/ 14k ဒီတစ်ခေါက် CM က တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့ အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီး အိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ် အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေ အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကို မီးရှိခဲ့တဲ့အတွက် သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကို ပြန်ပြီး မီးရှိခဲ့ပါတယ် အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန် မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ် ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာ အိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လို ဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ် ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီး သေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ ကတိတစ်ခုကို "အက်ဖရင်း" က တည်အောင်လုပ်ပေးရမယ် အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ် အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ "ရမ်" ရဲ့ ကောင်မလေး "ဆီတာ" ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်... ခက်တာက အဲဒီ "ရမ်" နဲ့ "ဆီတာ" ဟာ အိန္ဒိယလူမျိုးဖြစ်နေတာပါပဲ ဒါပေမယ့်လည်း ပိုက်ဆံလိုနေတဲ့ "အက်ဖရင်း" ဟာ သူ့အဘိုးခိုင်းထားတဲ့အလုပ်ကို သဘောတူလိုက်ပြီး သူ မဆက်ဆံချင်ဆုံး အိန္ဒိယလူမျိုးတွေနဲ့ ဆက်ဆံဖို ဖြစ်လာပါတော့တယ် အဲဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ် (၂၀) က "ဆီတာ" ဆိုတဲ့ ကောင်မလေးကို သူဘယ်လိုလိုက်ရှာမလဲ "ဆီတာ" နဲ့ "ရမ်" တိုရဲ့ ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ.. အိန္ဒိယနဲ့ ပါကစ္စတန်တိုရဲ့ အာဃာတတွေကြားက ဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို မေတ္တာသာစစ်ရင် အမုန်းတရားတွေပြေငြိမ်းနိုင်တဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်
Show all...
မန်ဘာဝင်များယော free သမားတွေယော အဆင်ပြေကြလား 2-4-8 ကီးနဲ့ရှယ်ဆော်ခိုင်းတာ 48အောကွက်မိပြီဟေ့ မနက်ဖြန်ထက်တင်ပေးမယ် channal ကိုjoin https://t.me/lucky73207 https://t.me/lucky73207 https://t.me/lucky73207
Show all...
👍 1
Photo unavailableShow in Telegram
Baahubali 2: The Conclusion (2017) ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။ အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ဒရာဟာ သာမန်လူတစ်ဦးပုံစံနဲ့ ချဉ်းကပ်ကာ မင်းသမီးရဲ့နိုင်ငံကို ကက်တာပါးနဲ့အတူ လိုက်သွားခဲ့ ပါတယ်... Movie Link 👇 https://t.me/khkindianmovies1/198
Show all...
2👍 1
Photo unavailableShow in Telegram
Baahubali: The Beginning (2015) ဗာဟုဘာလီဇာတ်ကားကတော့ Action, Adventure, History အမျိုးအစား ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန် သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ.. Movie Link 👇 https://t.me/khkindianmovies1/196
Show all...
Photo unavailableShow in Telegram
19.9.2024(12:01)အတွက် 6️⃣➡️၁သိန်းဖိုးပါတ် 3️⃣➡️၁သိန်းဖိုးပါတ် မိန်းအော2ကွက်ရွေးပေးမယ် ဆရာလူဟောင်းများနဲ့လူသစ်channal joinသူအားလုံးရမယ် ⬇️⬇️⬇️⬇️ https://t.me/lucky73207 https://t.me/lucky73207 https://t.me/lucky73207 https://t.me/lucky73207 joinထားကြပါ တစ်ရက်စာမန်ဘာဝင်ချင်သူများ @formular35 မှာလာယူပါ
Show all...
👍 2
Photo unavailableShow in Telegram
20......18 (2023) (IMDb 8.8/10,RT 100%) ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲ အိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ်... Movie Link 👇 https://t.me/khkindianmovies1/194
Show all...
👍 5
Photo unavailableShow in Telegram
အွန်လိုင်းဂိမ်းဝါသနာပါတဲ့ လူကြီးမင်းတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုဒ်လေးတစ်ခုကိုလမ်းညွှန်ပေးပါရစေရှင့်🙏 #စလော့ဂိမ်းမန်ဘာသစ်ပရိုမိုးရှင်း =>5000 သွင်း  15000 အပိုဘောနပ် =>နေ့စဉ်‌ရှုံးကြေး 10 % ဘောနပ် =>သူငယ်ချင်းမိတ်ဆတ် 3000  ဖရီးဘောနပ် Viber - 09758761166 Telegram - @goldeneaglegame #GoldenEagle မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။
Show all...
Photo unavailableShow in Telegram
Gh......ani (2022) =================== ၁၅နှစ်အရွယ်ကောင်လေး ဂါနီ ဟာ ဖခင်ဖြစ်သူ လက်ဝှေ့ပညာရှင် ဗစ်ခရမ်ကိုလေးစားအားကျခဲ့ပြီး ငယ်စဉ်ကတည်းက လက်ဝှေ့အားကစားကို နှစ်ခြိုက်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အားကစားလောကရဲ့ အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကျဆင်းသွားပြီးတဲ့နောက် ဂါနီတို့မိသားစုဟာ လူတကာရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတော့တယ်။ အဲ့ဒီနောက် လက်ဝှေ့ကိုစိတ်နာသွားတဲ့ မိခင်ဖြစ်သူဟာ ဘ၀မှာဘယ်တော့မှလက်ဝှေ့မထိုးရဘူးဆိုတဲ့ကတိကို ဂါနီဆီကနေတောင်းခဲ့‌ပါတော့တယ်။ ဒါပေမဲ့ ဖခင်ရဲ့မတရားခံရမှုကို အဖြေရှာချင်တဲ့ ဂါနီ ဟာ နိုင်ငံတော်အဆင့်လက်ဝှေ့ပြိုင်ပွဲမှာ အနိုင်ရရမယ်လို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဂါနီတစ်ယောက် မိခင်မသိအောင် လက်ဝှေ့ဘယ်လိုကစားမှာလဲ...ဖခင်ရဲ့နာမည်ကိုရော ပြန်အဖတ်ဆယ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် Movie Link 👇 https://t.me/khkindianmovies1/192
Show all...
👍 4
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.