cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

MSI - MYANMAR SOCIETY INFORMATIONS

MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။

إظهار المزيد
مشاركات الإعلانات
27 098
المشتركون
-2524 ساعات
-327 أيام
-10730 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

❐ ရန်ကုန်မြို့လယ်တွင် တိုက်ပွဲဝင်အလံ၊ မီးတုတ်များဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တိုက်ပွဲပြုလုပ်။ စက်တင်ဘာ ၁၉၊ ၂၀၂၄။ ရန်ကုန်မြို့ရှိ အဓိကကားလမ်းမကြီးတခုပေါ်တွင် သပိတ်အင်အားစုများနှင့် ပြည်သူများပူးပေါင်းကာ တိုက်ပွဲဝင်အလံ၊ မီးတုတ်များကိုင်စွဲပြီး ပြောက်ကျားသပိတ်တိုက်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း၊ အထွေထွေကျပ်တည်းမှုများနှင့် တပြည်လုံး ရေဘေး ကူညီကယ်ဆယ်ရေးများတွင် တာဝန်မဲ့ ပျက်ကွက်နေသည့် ပြဿနာများ၏ လက်သည်တရားခံ စစ်အာဏာရှင်စနစ်၊ စစ်အုပ်စုအား အမြစ်ဖြတ်ရေးကို ရည်ရွယ်ကြောင်း သပိတ်အင်အားစုများက ကြွေးကြော်ချီတက်ခဲ့ကြသည်။ အဆိုပါသပိတ်တွင် “ရေဘေးမကူတဲ့ စကစ ပြည်သူအားနဲ့ ဆန့်ကျင်ကြ” ၊ “ကုန်စျေးနှုန်းများကျဆင်းရေး တို့အရေး"၊ “ စစ်မှုထမ်းဥပဒေ အလိုမရှိ” စသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ တိုက်ပွဲဝင်အလံများ၊ မီးတုတ်များကိုင်စွဲ၍ ချီတက်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းပြောက်ကြားသပိတ် စတင်သည်နှင့် တပြိုင်နက် လမ်းဘေးဝဲယာရှိ ပြည် သူများ ပူးပေါင်းဝန်းရံခဲ့ကြပြီး ယာဥ်ကြောပိတ်ဆို့မှုများ မိနစ်ပိုင်းကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါသပိတ်တိုက်ပွဲကို လူငယ်သပိတ်ကော်မတီ (YSC)၊ ရွှေပြည်သာ သပိတ်ကော်မတီ (SPTSC) နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) တို့ နှင့်အတူ ကျောင်းသား ပြည်သူများ ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြကြောင်း သိရသည်။ သတင်းဓာတ်ပုံ - AJAY
إظهار الكل...
❐ တကသများ-ရန်ကုန်/ကျောင်းသားလက်ရုံးတပ်တော်က ဘုတလင်တွင် လူထုအကျိုးပြု‌ ဟောပြောပွဲနှင့် အသိပညာပေးမှုများ ဆောင်ရွက်။
စက်တင်ဘာ ၁၉၊ ၂၀၂၄။ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)/ကျောင်းသားလက်ရုံးတပ်တော်သည် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ဟောပြောပွဲများနှင့် အသိပညာပေးပွဲများစသည့် လူထုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဘုတလင်မြို့နယ်ရှိ ကျောင်းတခုတွင် ကျောင်းကျန်းမာရေးဟောပြောခြင်း၊ ကျောင်းသား ကျောင်းသူများကို သန်ချဆေး တိုက်ကျွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး လေကြောင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်း၊ မျှဝေခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် မဝင်းမော်ဦး ကျဆုံးခြင်း (၃၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်မှာ သမိုင်းကြောင်း ဓာတ်ပုံပြပွဲနှင့် ဆွေးနွေးပွဲများကို တကသများ-ရန်ကုန်နှင့် ကျောင်းသားလက်ရုံးတပ်တော် ရဲဘော်များက ဆောင်ရွက်ခဲ့ကြသည်။ သတင်းဓာတ်ပုံ - တကသများ-ရန်ကုန်
إظهار الكل...
မိုင်းပျဉ်းမြို့နယ် RCSS ကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ် လာရောက်တိုက်ခိုက် စိုင်းခွမ်မိန်း၊ ၂၀၂၄ စက်တင်ဘာလ ၁၉ ရက် သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့က လာရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် (၁၁) နာရီကျော်တွင် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ယင်းခမ်း(ဝၢၼ်ႈယၢင်းၶမ်း) ကျေးရွာအုပ်စုအတွင်းရှိ RCSS တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့က အင်အား (၁၀၀) ခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။ “ဒီနေ့လယ်မှာ ဗမာစစ်တပ်နဲ့ ပြည်သူ့စစ်ပေါင်းပြီးတော့ အင်အား (၁၀၀) ခန့်က RCSS ကို တက်လာတိုက်တာ။ ကျိုင်းတုံ မိုင်းပျဉ်း ထဲမှာ၊ သူတို့ဗျူဟာအရ တက်လာတိုက်တာ။ သေနတ်တချို့ သိမ်းနိုင်တယ်၊ သူတို့ဘက်က ထိခိုက်သေဆုံးတာရှိမယ်။ တင်းမာနေတုန်းပဲ”ဟု ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းဘာသာဖြင့် အတည်ပြု ပြောဆိုသည်။ ၎င်းထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သေနတ် (၃) လက် အနည်းဆုံး သိမ်းဆည်းရမိကြောင်း ကနဦး သိရှိရပြီး နယ်မြေရှင်းလင်းရေး မလုပ်ဆောင်ရသေးခြင်းကြောင့် အသေးစိတ်အခြေအနေ မသိနိုင်သေးဟု ဗိုလ်မှူးစိုင်းခမ်းစံက ဆက်ပြောသည်။ မိုင်းပျဉ်းမြို့နယ် ယင်းခမ်းကျေးရွာအုပ်စုအနီး RCSS တပ်ဖွဲ့နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဘက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ လားဟူပြည်သူ့စစ် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။ ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်က စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) မှ 7 EAO Alliance အဖွဲ့ဝင်များကို နေပြည်တော်၌ ဖိတ်ခေါ်တွေ့ဆုံခဲ့ရာ ကျန်အဖွဲ့ဝင် (၆) ဖွဲ့ တက်ရောက်ခဲ့သည်။ ၎င်းတွေ့ဆုံပွဲသို့ 7 EAO Alliance အဖွဲ့ခေါင်းဆောင် တာဝန်ယူထားသည့် RCSS တစ်ဖွဲ့တည်း အနေဖြင့် မတက်ရောက်ခဲ့ဘဲ စစ်ကောင်စီတပ်နှင့် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်သည်။ ပုံစာ - RCSS က စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ထံမှ သိမ်းဆည်းရမိသည့် သေနတ်ပုံ #SHANBurmese #Shannews #သျှမ်းသံတော်ဆင့် #စစ်ကောင်စီ #RCSS #တိုက်ပွဲ #မိုင်းပျဉ်း #ပြည်သူ့စစ်
إظهار الكل...
Repost from MMWeather
မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းဖြတ်သန်းမည့် လမ်းကြောင်း UPDATE စက်တင်ဘာ ၂၀ နံနက် ၁ နာရီခွဲ ===== လေပွေလှိုင်းသည် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ကရင်ပြည်နယ် ဖာပွန်နှင့် ကမမောင်းကြားမှ မြန်မာ-ထိုင်းနယ်စပ်ကို စတင်ဝင်ရောက်နိုင်သည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း - အရှေ့တောင်ဘက်၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် မာန်အောင်ကျွန်းတို့ကို ဖြတ်ကျော်ပြီး စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်နိုင်သည်။ လေပွေလှိုင်းဖြတ်သန်းမည့်လမ်းကြောင်း ညာဘက်ခြမ်းတွင် မိုးပိုမိုရွာသွန်းနိုင်သည်။ လေပွေလှိုင်းဖြတ်သန်းစဉ် လမ်းကြောင်းအမှတ်စဉ် 5 ရန်ကုန်တိုင်းမြောက်ဘက်မှ ဖြတ်သန်းစဉ် လမ်းကြောင်းညာဘက်ခြမ်းရှိ ၂၄ နာရီအတွင်း မိုးများနိုင်သည့်ဒေသများနှင့် လမ်းကြောင်းအမှတ်စဉ် 1 မှ 15 အထိ ရက်/အချိန်မှတ်တမ်းကို အောက်တွင် ကြည့်ပါ။ ၂၄ နာရီအတွင်း ၃၀ မီလီမီတာအထက်ရွာလျှင် မိုးများပါသည်။ ဘော်လခဲ - 52.0mm = 2.04 inch ညောင်လေးပင် - 42.7mm = 1.68 inch ပြည် - 46mm = 1.81 inch သံတွဲ - 63.7mm = 2.11 inch သာဂရ - 69.7 = 2.74 inch မာန်အောင်ကျွန်း - 138.6 = 5.45 inch အမ်း - 85.5mm = 3.37 inch မကွေး - 75.9mm = 2.99 inch ရေနံချောင်း - 43.0mm = 1.7 inch နေပြည်တော် - 18.6mm = 0.73 inch Track Locations 1. 21SEP 0500 2. 21SEP 1400 3. 21SEP 1500 4. 21SEP 1700 5. 21SEP 1900 6. 21SEP 2200 7. 22SEP 0200 8. 22SEP 0600 9. 22SEP 1000 10. 22SEP 1500 11. 22SEP 1800 12. 22SEP 2200 13. 23SEP 0400 14. 23SEP 0900 15. 23SEP 1500
إظهار الكل...
Repost from MMWeather
Photo unavailableShow in Telegram
စစ်တောင်းမြစ်ရေ တောင်ငူအထက်မှာ ကျနေရာက စက်တင်ဘာ ၂၆ ရက် မှာ စိုးရိမ်ရေမှတ်အထိ ပြန်တက်လာနိုင်ကြောင်း GFH က သတိပေးထားပါတယ်။ မအိပ်ခင် တဆက်ထဲဆက်တင်ပေးလိုက်တာပါ။ အားလုံး Goodnight ပါ။
إظهار الكل...
တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများ၏ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သဘောထားထုတ်ပြန်ကြေညာချက်
إظهار الكل...
👍 17
Photo unavailableShow in Telegram
❐ ပြည်မြို့တွင် သန်းခေါင်စာရင်းကောက်ရန်အတွက် ဆရာ၊ ဆရာမအယောက် ၂၀၀ ကို ခေါ်ယူ သင်တန်းပေးနေ။ စက်တင်ဘာ ၁၉၊ ၂၀၂၄။ ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန်အတွက် အစိုးရစာသင်ကျောင်းများမှ ဆရာ၊ ဆရာမ ၂၀၀ ကို ခေါ်ယူကာ စက်တင်ဘာ ၁၆ ရက်နေ့ကစ သင်တန်းပေးနေကြောင်း ဆီသို့သတင်းရင်းမြစ်မှ သိရှိရသည်။ ပြည်မြို့နယ်ရှိ အစိုးရ မူလတန်းလွန်ကျောင်း၊ အလကကျောင်း၊ အထက်တန်းကျောင်းများမှ တစ်ကျောင်းလျှင် ဆရာ၊ဆရာမ၂ ယောက်စီဖြင့် စုစုပေါင်း အယောက် ၂၀၀ ကိုခေါ်ယူကာ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းတက်ရမည်ဖြစ်ကြောင်း ပြည်မြို့ရှိ ဆရာမတစ်ယောက်က ဆိုသည်။ သင်တန်းကို နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း တနင်္လာနေ့မှ သောကြာနေ့အထိ တက်နေရကြောင်း၊ သန်းခေါင်စာရင်းကောက်မည့်သူများက လဝကရုံးတွင်တက်ရပြီး၊ လူဦးရေစာရင်းပြုစုရမည့်သူများက အထက (၁) ကျောင်းတွင် တက်ရကြောင်း ၎င်းက ဆိုသည်။ သန်းခေါင်စာရင်းအတွက် သင်တန်းတက်ရသည့် ဆရာ၊ ဆရာမများကို ဖုန်း၊ တက်ဘလက် (Tablet)၊ ပါဝါဘန့် (Power Bank)၊ ကျောပိုးအိတ်ပေးထားကာ သန်းခေါင်စာရင်းကောက်ပြီးလျှင် ကျောပိုးအိတ်ကလွဲ၍ ကျန်ပစ္စည်းများ ပြန်အပ်ရမည်ဖြစ်‌ကြောင်း၊ သန်းခေါင်စာရင်းကောက်မည့်ဆရာ၊ဆရာမများကို တစ်ရက်လျှင် မြန်မာငွေ (၂၀၀၀၀) ကျပ် ပေးမည်ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီသည် လာမည့်နှစ်တွင် ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက် ယခုနှစ်အတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံပွဲ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
إظهار الكل...
😁 13👍 1
ကိုယ်ပါဝင်နေတဲ့ ပင်မနိုင်ငံရေး ရေစီးကြောင်း သို့မဟုတ် အဖွဲ့အစည်းဟာ ကိုယ့်ရဲ့ စံတန်ဖိုးနဲ့ ကိုက်ညီမနေဘူးဆိုရင်၊ ဒီမိုကရေစီနည်းကျ ပြောင်းလဲဖို့ မဖြစ်နိုင်ဘူးဆိုရင်၊ ဒီမိုကရေစီနည်းကျ ဦးဆောင်မှုနေရာကို ရောက်ရှိနိုင်ဖို့ ရှင်းလင်းတဲ့ လမ်းကြောင်း ရှိမနေဘူးဆိုရင် လူငယ်တွေကိုယ်တိုင် ခေါင်းဆောင်တဲ့ အပြောင်းအလဲကိုလည်း စဉ်းစားဖို့ လိုပါမယ်။ (အပြည့်အစုံကို Website မှာ ဖတ်ရှုနိုင်ပါတယ်) https://www.tntynews.com/19/09/2024/40065/
إظهار الكل...
လူငယ်တွေရဲ့ နေရာ

နွေဦးတော်လှန်ရေးမှာ ရေပန်းအစားဆုံးအကြောင်းအရာတွေထဲက တခုက ဂျန်ဇီး (Gen Z) ဖြစ်ပါတယ်။ ၁၉၉၆ နောက်ပိုင်းမှာ မွေးတဲ့ လူငယ်တွေဟာ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ပါဝင်ခဲ့ကြတယ်။

👍 5
Repost from Myanmar Now
“ပြည်နယ်အစိုးရ တာဝန်တွေကို ၂၀၂၆ မှာ ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်” - အင်တာဗျူး ----------------------------------------------- ပုံစာ - IEC ဒုဥက္ကဋ္ဌ ခွန်းဘီထူး (ဓာတ်ပုံ - Myanmar Now) အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/57834/ Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/
إظهار الكل...
“ပြည်နယ်အစိုးရ တာဝန်တွေကို ၂၀၂၆ မှာ ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်” - အင်တာဗျူး - Myanmar Now

Latest news & insightful features on Myanmar

👍 10😁 1
Repost from MPANews
၁၀၂၇ ဒုတိယလှိုင်းတွင် စစ်မျက်နှာအစုံ၌ PLA ပါဝင်တိုက်ခိုက်နေ 19 Sep 2024 By Nway / MPA ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် စစ်မျက်နှာအစုံ၌ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA ) ပါဝင်တိုက်ခိုက်နေကြောင်းသိရသည်။ ဇွန် ၂၅ရက်မှစ၍ တစ်ကျော့ပြန်စတင်လာသည့် ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းကို အားဖြည့်သည့်အနေဖြင့် ရှမ်းမြောက်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲများဖော်ဆောင်နေကြောင်း PLA ထံကသိရသည်။ "မတ္တရာ၊ ပုလဲ၊ ပခုက္ကူ ၊ ဘုတလင်ဘက်မှာ တိုက်ပွဲတွေဖော်ဆောင်နေတယ်။ နောက်ပြီး သပိတ်ကျင်း ၇ မိုင်လေ့ကျင့်ရေးတပ်၊ တတက - ၁၃ ( တန်းမြင့်လေ့ကျင့်ရေးကျောင်း ) တို့ကိုလည်း တိုက်ခိုက်နေဆဲပါ " ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က MPA ကို ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/V3piK Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
إظهار الكل...
👍 19 4👏 2🥰 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.