cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Chindwin Reflexion(ချင်းတွင်းပုံရိပ်)

To promote Democracy and Human rights in Myanmar

Show more
Advertising posts
1 737
Subscribers
-324 hours
-117 days
-3130 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ချင်းတွင်းမြစ်ကြောင်း စစ်ကောင်စီ၏လှုပ်ရှားမှု ရက် စွဲ။ (၁၇)ရက်၊ စက်တင်ဘာလ၊ (၂၀၂၄)ခုနှစ် ကလေးဝမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆုန်စင်းလာသော စစ်ကောင်စီ၏ မော်တော်၉စီးဟာ မင်းကင်းမြို့နယ် တောင်ဖြူရွာနှင့် ပန်းဆက်ရွာဆိပ်ကမ်းမှာ ညအိပ်တပ်ဆွဲနေပြီး တောင်ဖြူရွာရဲ့တစ်ဖက်ကမ်း ယားရွာဘက်ခြမ်းမှာ ကမ်းကူးပြီး ပြည်သူပိုင်ပစ္စည်းများကို အနိုင်ကျင့်ခိုးယူနေတယ်လို့ သတင်းရရှိပါသည်။ ယင်းမာပင်ခရိုင်အတွင်းရှိ ကနီမြို့နယ်နှင့်ယင်းမာပင်မြို့နယ်မှ မြစ်ကမ်းဘေးနေပြည်သူများ စစ်ရေးအထူးဂရုစိုက်ကြပါ။ ကနီမြို့နယ် ပကဖကလည်း ကနီမြို့နယ်အတွင်း ရေကြောင်းအသုံးပြုမှုကို ခတ္တပိတ်ထားကြောင်း အသိပေးထုတ်ပြန်ထားသည်။ #မိဘပြည်သူများစစ်ဘေးအန္တရယ်မှကင်းဝေးကြပါစေ #ULFစစ်ကြောင်း Photo - စစ်ကောင်စီ၏ စစ်သဘော်များ ချင်းတွင်းမြစ်ကြောင်းအတွင်း လှုပ်ရှားနေပုံ
Show all...
👍 1🔥 1
Repost from Khit Thit Media
NUG အုပ်ချုပ်ရေးယန္တရားတွင် လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်မှုများနှင့် လက်နက်အားကိုး ပြည်သူကို နိုင့်ထက်စီးနင်းလုပ်လိုသူများကို ပြတ်ပြတ်သားသား ကိုင်တွယ်ရန် NUG ဝန်ကြီးချုပ် သတိပေး ညွှန်ကြား ရန်ကုန်၊ စက်တင်ဘာ ၃ အမျိုးသားညီညွတ်ရေးအစိုးရ-NUG အုပ်ချုပ်ရေးယန္တရားတွင် လုပ်ပိုင်ခွင့် အလွဲ သုံးစားလုပ်မှုများနှင့် လက်နက်အားကိုး၍ ပြည်သူကို နိုင့်ထက်စီးနင်းလုပ်လိုသူများကို ပြတ်ပြတ်သားသား ကိုင်တွယ်ရန် NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သတိပေး ညွှန်ကြားလိုက်ကြောင်း သိရျိရသည်။ ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ် ၂၅/၂၀၂၄ တွင် ပြည်ထောင်စုဝန်ကြီးချုပ်က အထက်ပါအ တိုင်း သတိပေးညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ စစ်အာဏာရှင် တော်လှန်ရေး သည် ပြည်သူလူထု၏ အင်အားဖြင့် သွား နေခြင်းဖြစ်ပြီး တော်လှန်ရေးကို တာဝန်ယူထားကြသူများက ပြည်သူကို အာဏာပြ အနိုင်ကျင့်မှုမျိုးကို လုံး၀ လက်ခံမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်က သတိပေးပြောဆိုသည်။ "အခုဆိုရင် ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ထဲမှာလည်း တစ်ချို့ တာဝန်ရှိသူတွေဟာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်လာတာမျိုးတွေနဲ့ လက်နက်အားကိုးပြီး ပြည်သူကို နိုင့်ထက်စီးနင်းလုပ်လိုသူ တစ်ချို့ရှိတာ ကြားသိရပါတယ်။ ဒါတွေကို ပြတ် ပြတ်သားသား ကိုင် တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း တာဝန်ရှိသူတွေကို ထပ်မံမှာကြား လိုပါတယ်။ ပြည်သူ့အင်အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ တော်လှန်ရေးတာဝန်ယူထား ကြတဲ့ တာဝန်ရှိသူတွေက အာဏာပြအနိုင်ကျင့်တာမျိုး ကျွန်တော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး။ လူတွေဆိုတာတော့ အမျိုးမျိုးဖြစ်နိုင်တဲ့အတွက် မူဝါဒ ခိုင်ခိုင်မာမာနဲ့ သေချာထိန်းကျောင်းသွားကြဖို့ တိုက်တွန်းလိုပါတယ်" ဟု NUG ဝန်ကြီးချုုပ်က ပြောဆိုသည်။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့်လည်း မြန်မာပြည်သူများ၏ ပြင်းပြသော ဆန္ဒကို လေးစားကြရန် ဝန်ကြီးချုပ်က တိုက်တွန်းသည်။ "ပြည်သူတွေဟာ ဒီတော်လှန်ရေးမှာ ခိုင်မာတဲ့ ယုံကြည်ချက်တစ်ခုကို လက်ကိုင်ထားပြီး လက်ချင်းချိတ်ကာ အတူတကွဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ ယုံကြည်ချက်ဆိုတာဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ် ဖြတ်တိုက်ဖျက်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပြည့်အဝအာမခံချက်ပေးနိုင်တဲ့ ခိုင်မာသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။ ဒီယုံကြည်ချက်နဲ့အတူ ပြည်သူ တစ်ရပ်လုံးဟာ အသက်တွေ စွန့်၊ ဘဝတွေ စွန့်ပြီး ဒီကနေ့ထိ နောက်မဆုတ်တမ်း တိုက်ပွဲ ဝင်နေကြတာ ဖြစ်ပါတယ်။ ဒီလို ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို အိမ်နီးနားချင်းနိုင်ငံ တွေအပါအဝင် နိုင်ငံအားလုံးက လေးစားပေးဖို့ အင်မတန် အရေးကြီးကြောင်း အစိုးရအဖွဲ့ အစည်းအဝေးက တစ်ဆင့် သတင်းစကားပါးလိုပါတယ်။ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီဖြေရှင်းပေးကြတဲ့အခါမှာ အရေးအကြီးဆုံးက ကျွန်တော်တို့ ပြည်သူများရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တော်လှန်‌ရေး အင်အားစုတွေနဲ့ ပူးပေါင်းညှိနှိုင်းအဖြေရှာပေးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ ဒီတော်လှန်ရေးကို ပြင်းပြတဲ့ စိတ်ဓာတ်ကလွဲလို့ ဘာမှမရှိပဲ လက်ဗလာနဲ့ စပြီး တော်လှန်ခဲ့ကြတာဟာ မတရားမှုတွေကို လက်မခံနိုင်လို့ ဒီစနစ်ဆိုးကြီး တကျော့ပြန်မလည် လာအောင် အပြီးထိ တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်" ဟု NUG ဝန်ကြီးချုပ်က တိုက် တွန်းပြောဆိုသွားသည်။
Show all...
👍 6 3
04:59
Video unavailableShow in Telegram
ပြည်သူ့ စစ်သည်တော်များ (မန္တလေး)
Show all...
IMG_0792 Mandalay.MP4108.40 MB
6👍 2🥰 1💩 1
အာရက္ခတပ်တော်မှာ စကစ အကြမ်းဖက်များအား ဖမ်းဆီးနိုင်မှု ရုပ်သံ
Show all...
MaungDaw_VD_1.mp416.17 MB
MaungDaw_VD_2.mp413.33 MB
8👍 2
04:03
Video unavailableShow in Telegram
စစ်ရေးချုပ် ဒု-ဗခ ဇော်ဝင်းမြင့်အား ဖုန်းခေါ်၍ ပြည်သူတွေအား ပစ်မှတ်တိုက်ခိုက်နေမှုကို မေးမြန်းထား
Show all...
0827.mp439.08 MB
👍 4👏 2
Repost from RFA Burmese
Photo unavailableShow in Telegram
ထိုင်းမှာ Clade 1b မျောက်ကျောက်ဗိုင်းရပ်စ် ပထမဆုံးတွေ့ရှိ ~~~ ■ ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ (Monkey Pox) လက္ခဏာတွေ့ရလို့ ဆေးရုံတင်လိုက်ရတဲ့လူမှာ Clade 1b မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ် တွေ့ရှိရတယ်လို့ သြဂုတ် ၂၂ ရက်က အတည်ပြု ကြေညာပါတယ်။ ဒါဟာ အာဖရိကတိုင်ပြင်ပမှာ ဒုတိယမြောက် မျောက်ကျောက်ရောဂါတွေ့ရှိတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အာဖရိကတိုက်ကနေ ဘန်ကောက်ကို ဒီလ ၁၄ ရက်မှာရောက်လာတဲ့ အသက် ၆၆ နှစ်ရွယ် ဥရောပလူမျိုးတစ်ယောက်ဆီမှာ တွေ့ရတာပါ။ ဒါဟာ ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ပထမဆုံးတွေ့ရှိရတာဖြစ်ပေမဲ့ သူနဲ့ ထိတွေ့ခဲ့သူတွေဆီ မကူးစက်ဘူးလို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှုးချုပ်က ပြောပါတယ်။ ထိုင်းမှာ ၂၀၂၂ ကစလို့ Clade 2 ဖြစ်ပွားသူ ၈၀၀ ရှိပေမဲ့ Clade 1 ဒါမှမဟုတ် Clade 1b မတွေ့ခဲ့ရပါဘူး။ ____ ၂၀၂၄ ခုနှစ် သြဂုတ် ၂၁ ရက်က ဘန်ကောက်မြို့တွင်ပြုလုပ်သည့် မျောက်ကျောက်ဗိုင်းရပ်စ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ၏ ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ Thongchai Keeratihattayakorn အား တွေ့ရစဉ်။ (Photo : AFP) #ထိုင်း #မျောက်ကြောက် #WHO #လွတ်လပ်တဲ့အာရှအသံ #rfaburmese
Show all...
👍 4
Repost from N/a
ဗျူဟာ(၄၇) အပါအဝင် မဟာမိတ်တပ်ဖွဲ့များနှင့် ညောင်ဂျစ်ပင် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရန်သူထံမှ G3တစ်လက်ရရှိ တစ်လက် တစ်ကောင်သေဆုံး ရဲဘော်(၃) ဦးမစိုရိမ် ဒဏ်ရာရရှိးးး 19.8.2024 ##အာဏာရှင်စနစ်ဟူသမျှ -မုချကျရှုံးရမည်## ##ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု-မုချတည်ထောင်နိူင်ရမည်## ##အရေးတော်ပုံအောင်ရမည်##
Show all...
👍 5 5🤮 1
00:13
Video unavailableShow in Telegram
မို့မောက်မြို့ စကစ ၄၃၇ တပ်ရင်းအား သိမ်းဆည်းမှု
Show all...
KIA_မို့မောက်_၄၃၇_သိမ်းဆည်းမှု.MP42.49 MB
👏 12
02:46
Video unavailableShow in Telegram
မအလရဲ့ အလှူတော်များအတွက် ဝိရသူက ရေစက်ချက်ဖို့ အဆင်သင့်ရှိနေ
Show all...
ဝီရသူ.MOV32.96 MB
👏 6
02:51
Video unavailableShow in Telegram
မောင်းတောမှ ပိတ်မိနေတဲ့ ပြည်သူများကို AA မှ ကယ်ထုတ်ရုပ်သ
Show all...
မောင်တောပြည်သူများအား_AA_မှ_ကယ်ထုတ်သည့်_ရုပ်သံမှတ်တမ်း.mp471.79 MB
👏 11😁 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.